ကျွန်တော် ဒီ post ကိုရေးသားရတဲ့ရည်ချက်ချက်ကတော့ မြန်မာလူငယ်ဟက်ကင်းကိုစိတ်ဝင်စားသောသူများ bot ဆိုတာဘာလဲဆိုတာသိရှိရန်ဖြစ်ပြီး
bot ရဲ့အလုပ်လုပ်ပုံကိုနားလည်စေလိုသောရည်ရွယ်ချက်ဖြင့်ရေးသားခြင်းဖြစ်သည်
bot ကိုကာကွယ်ဖို့ဆိုတာ bot တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာသိမှဖြစ်မှာပါ
ကျွန်တော် ကာကွယ်နည်းတွေကိုတော့မြန်မာလိုရေးထားတာတွေ့ဖူးပါတယ် ဒါပေမယ့် bot
တွေကာကွယ်ဖို့ဆိုတာ သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာသိမှအဆင်ပြေမှာပေါ့
ဒီ Tutorial ကို Education Purpose လို့အရင်ဆုံး ပြောချင်ပါတယ်
ဒါကြောင့်လည်း illegal မဖြစ်အောင်လို့ localhost မှာအသုံးပြုထားပါတယ်
server ပေါ်မှာ run ရင်လည်း 100% အလုပ်လုပ်ပါတယ်
စလိုက်ရအောင်
ပထမဆုံးကျွန်တော်ပေးထားတဲ့ link ကနေ vertexnet bot file ကို ဒေါင်းလုပ်ဆွဲလိုက်ပါ
အောက်ကပုံအတိုင်းရလာမှာပေါ့
ပြီးတော့ rar ဖိုင်ကိုဖြေလိုက်တော့ file တွေကိုတွေ့မှာပေါ့ ခဏထားလိုက်ပါ
အရင်ဆုံး ကျွန်တော်တို့က localhost မှာစမ်းပြထားတော့ xampp ကိုအရင် run လိုက်ပါ ပြီးတော့ localhost ဆိုတာကိုခေါ်လိုက်ပါ
သူမှာပါတဲ့ file တွေအားလုံးကို copy ကူးပြီး xampp ရဲ့ htdocs အောက်မှာ folder အသစ်တစ်ခုဆောက် ပြီး paste လုပ်ပါမယ်
folder name ကိုတော့ mmbot လို့နာမည်ပေးလိုက်ပါ
အောက်မှာကြည့်ပါ
1 ကတော့ ကျွန်တော်ဆောက်လိုက်တဲ့ mmbot ဆိုတဲ့ folder name ပါ
2 ကတော့ mmbot ထဲမှာကျွန်တော်ကူးထဲ့လိုက်တဲ့ file တွေအားလုံးပါ
ဟုတ်ပြီ ဒါဆို firefox လေးဖွင့်ပြီး run ကြည့်ရအောင်
address bar မှာ localhost/mmbot ဆိုပြီးရိုက်လိုက်တော့အောက်ကပုံအတိုင်းဖြစ်သွားမှာပါ
နောက်တော့ ကျွန်တော်တို့က Web Panel ထဲကိုဝင်လိုက်ပါ
address bar မှာ localhost/mmbot/web panel လို့ရိုက်လိုက်ပါ
အောက်ကပုံမျိုး connection error ဆိုပြီးဖြစ်နေမှာပါ
အပေါ်က connection error ပြနေတဲ့အတွက် ကျွန်တော်တို့က database ချိတ်ပေးဖို့လိုပါတယ်
database ချိတ်နည်းကိုလည်းကျွန်တော်ရေးထားပြီးပြီးနော်
ဒါကြောင့် database ချိတ်ဖို့ သူထဲ့မှာပါတဲ့ sql ဖိုင် နဲ့ config ဖိုင်ကိုနည်းနည်းပြင်ပေးလိုက်ရအောင်
အခုဆိုရင် ကျွန်တော်တို့က စောစောက ပြောတဲ့ web panel ဖိုင်ထဲကိုသွားကြည့်ရအောင်
sql အတွက် web panel file ထဲမှာ SQL ဆိုတဲ့ဖိုင်ရှိပါတယ် သူထဲကို ထပ်ပြီး
ဝင်ကြည့်ရင်တော့ vertexnet.sql ဆိုတဲ့ sql file ကိုတွေ့မှာပါ
အောက်ကပုံလေးကိုကြည့်ပါ
ဒါကိုကျွန်တော်တို့က localhost ရဲ့ phpAdmin ထဲမှာ sql Databse တစ်ခုဆောက်ပြီးထည့်ပေးရမှာပါ
အောက်ကပုံကိုကြည့်ပါ
1 =>mmbot ဆိုပြီး database name တစ်ခုရိုက်ပြီး
2 =>Create ကိုနှိပ်ပါ
အဲလိုလုပ်ပြီးသွားပြီဆိုရင်တော့အောက်ကပုံအတိုင်းဖြစ်သွားလိမ့်မယ်
1 => ကတော့ ကျွန်တော်တို့ဆောက်လိုက်တဲ့ database name ပါ
2 =>ကတော့ စောစောတုန်းကပြောခဲ့တဲ့ vertexnet.sql ကို import လုပ်ဖို့အတွက် အဲဒီ import ကိုနှိပ်လိုက်ပါအောက်ကပုံကိုကြည့်ပါ
1 => ကတော့ browse ကိုနှိပ်ပြီးစောစောက vertexnet.sql ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ
2 => ကတော့ Go ကိုနှိပ်လိုက်ပါ အောက်ကပုံလေးကိုဖြစ်သွားပါတယ်
ဟုတ်ပါပြီ ပထမအဆင့် database ဆောက်တဲ့လုပ်ငန်းပြီးသွားပါပြီ ဒါပေမယ့် ကျွန်တော်တို့က servername တွေ username and password
ကိုပြန်ပြီး configure လုပ်ရဦးမှာပါ
ဒီတော့ စောစောတုန်းက copy ကူးထားတဲ့ file ထဲ့က Web Panel/inc/ထဲက connection.inc ကို text editor နဲ့ဖွင့်လိုက်ပါပြီးတော့
firefox မှာ ကျွန်တော်တို့က database connection error ဆိုပြီးဖြစ်နေပါသေးတယ် ဒါကြောင့်
database name ကို mmbot ဆိုပြီးပြောင်းလိုက်ပါ အောက်ကပုံကိုကြည့်ပါ
အခုဆိုရင်တော့ Ok သွားပါပြီ
ကျွန်တော်တို့ရဲ့ browser လေးကိုဖွင့်ပြီး http://localhost/mmbot/Web%20Panel/ ကို refresh ပြန်လုပ်ကြည့်ပါဦး
အောက်ပုံလိုဖြစ်သွားမှာပါ
username ကတော့ root ဖြစ်ပြီး
password ကတော့ toor ဖြစ်ပါတယ်
အောက်မှာက Login ၀င်ပြီးပုံစံပဲ့ဖြစ်ပါတယ်
ကျွန်တော်တို့မှာ bot တွေမရှိသေးပါဘူး ဒါကြောင့် ကျွန်တော်တို့ bot ကိုဖန်တီး သို့မဟုတ် bot မွေးဖို့လိုပါတယ်
ဒီတော့ ကျွန်တော်တို့ ရဲ့ file ထဲမှာပါတဲ့ bot builder သုံးပြီး exe bot ကိုဖန်တီးရအောင်ဗျာ အခြား php bot တွေလည်းသုံးနိုင်ပါတယ်
php bot အကြောင်းကိုကျွန်တော်လည်းသိပ်နားမလည်သေးတော့နောက်မှရှင်းပြပါမယ်
ပထမဆုံး ကျွန်တော်တို့ file ထဲမှာပါတဲ့ VNBuilder ဆိုတာရှိပါတယ်
အာက်မှာကြည့်ပါ ဒါကို run လိုက်ပါ
ဒီလိုမျိုးဖြစ်သွားပါလိမ့်မယ်
နောက်တော့ ကျွန်တော်တို့က လမ်းကြောင်းကိုနည်းနည်းပြောင်းပေးဖို့လိုပါတယ်
1 => ဆိုတဲ့နေရာမှာ Root website url ဆိုတာကို localhost ဆိုပြီးပြောင်းလိုက်ပါ port ကတော့ 80 ပဲ့ထားလိုက်ပါ
2 => ဆိုတဲ့နေရာမှာတော့ Website path နေရာကိုတော့ စောစောကသုံးသွားတဲ့ /mmbot/Web Panel/လိုပြောင်းလိုက်ပါ
ပြီးတော့ နောက်ဆုံးက build loader ကိုသွားပြီး ok ကိုနှိပ်လိုက်ပါ
အောက်ကပုံကိုကြည့်ပါ
1=> မှာက icon ရွေးတာပါ
2=> ကတော့ ကိုယ်ကြိုက်တဲ့ file extension ကိုရွေးပြီး build ကိုနှိပ်ပါ
3=> ကတော့ ပေးချင်တဲ့ နာမည်ပေးလိုက်ပြီး
4=> save ဆိုတဲ့ button ကိုနှိပ်လိုက်တဲ့ အခါ အောက်ကပုံလေးလို successful ဆိုပြီးဖြစ်သွားပါပြီ
firefox ကို refresh လုပ်ပြီး ပြန်ကြည့်ပါဦး သင်မှာ bot တစ်ကောင်ပိုင်သွားပါပြီ
အောက်ကပုံလေးကိုကြည့်ပါဦးဗျာ
Myanmar Security Forum 133720 (Admin )