Nyaungoo Thar Tech

  • Home
  • Android App
  • Template
  • Design
  • Blogger
  • Tips Tricks
Home » Archive for April 2016

Wednesday, April 13, 2016

CTF challenge

CTF challenge
War game တွေမှာ Blue Team နဲ့  Read Team ဆိုပြီး ခွဲထားတယ်။ Red Team ဆိုတာက attacker တွေဖြစ်ပြီး Blue Team က defense လုပ်ပါတယ်။ တခါတလေမှာတော့ Red Team ကော Blue Team ကော CTF challenge တွေကို ကစားကြရပါတယ် (Challenge Type ပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်)။
CTF မှာပါဝင်တာတွေကတော့ boot2root, Reverse Engineering, Cryptography, Steganography, စသဖြင့်ပါဝင်ပါတယ်။ Defense Challenge မျိုးမှာတော့ Reverse Engineering (binary), Network Hardening, Honeypotting, Incident Handling စတာတွေ ပါဝင်ပါတယ်။
Wargame တွေဟာ တကယ်ကို ပျော်ဖို့ ကောင်းပါတယ်။ Real-time Hacking အတွက်လဲ အကောင်းဆုံး လေ့ကျင့်မှုလဲဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ကြုံတွေ့ ရတဲ့ ပြဿနာ၊ အခက်အခဲ၊ Pressure တွေဟာ real world အတွက် အများကြီး အကျိုးရှိပါတယ်။
အခုဆို နိုင်ငံကပါ Cyber Sea Game လိုပြိုင်ပွဲတွေ ကျင်းပလာပြီဖြစ်တဲ့ အတွက် နောက်နှစ်တွေ နောက်နှစ်တွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် များများလေ့ကျင့်ထားသင့်ပါတယ်။ အပျင်းပြေသဘောမျိုး ကိုယ့်ဘာသာကို Challenge လုပ်ပြီး သူငယ်ချင်းတွေကို ဖြေရှင်းခိုင်းတာမျိုးတွေ လုပ်သင့်ပါတယ်။

ဘာတွေပြင်ဆင်ထားသင့်လဲ?
ပြိုင်ပွဲဝင်ဖို့ အတွက် အရင်ဆုံးကတော့ Team ဖွဲ့ တာပါပဲ။ Red Team ကော Blue Team အတွက်ပါ Team Leader က အဓိကကျပါတယ်။ Team Leader တွေဟာ ပြိုင်ပွဲမှာ အလုပ်အရှုပ်ဆုံး နဲ့  Pressure အများဆုံးဖြစ်ကြတယ်။ သူက ဘာတွေလုပ်ရလဲ ဆိုတော့ Network တခုလုံးကို အသေးစိတ်စစ်ဆေးရတယ်။ open port တွေ check ရတယ်။ OS ဟာ ဘာ OS ဖြစ်တယ်။ System ကဘယ်လို System ဆိုရင် ဘယ်လို vulnerability မျိုးရှိနိုင်တယ် .. စသဖြင့် သုံးသပ်ရပါတယ်။ ပြိးတော့မှ ကိုယ့် Team ထဲက လူတွေကို တစ်ခုချင်းစီ ဘာပြီးရင် ဘာလုပ် စသည်ဖြင့် စစ်ဆေးခိုင်း စပ်သပ်ခိုင်း ရပါတယ်။

Blue Team မှာဆိုရင်တော့ .. open port တွေကို စစ်ဆေး၊ service တွေကို update လုပ်ဖို့  patch လုပ်ဖို့  non-scorebot-required ports တွေကို block လုပ်ဖို့  IP Sec/Firewall/IP table တွေကို စစ်ဆေးဖို့  တို့ ကို Team Leader က ညွှန်ကြားရပါတယ်။ ဒါ့အပြင် system password တွေဟာ weak ဖြစ်နေလား encryption ကောင်းကောင်းသုံးထားလား။ bruteforce, dictionary နဲ့  မရအောင်ဘယ်လိုလုပ်မလဲ။ ကိုယ့် system ဆီကို လာနေတဲ့ Request တွေမှာ မသင်္ကာစရာ ဘာရှိလဲ။ ကိုယ့် System ဟာ compromise လုပ်ခံရလား။ hidden process တွေ ရှိနေလား။ log ဖိုင်တွေကို စစ်ဆေးဖို့  စသည်တို့ ကို ပြုလုပ်ရပါတယ်။

Linux ပဲဖြစ်ဖြစ် Window ပဲဖြစ်ဖြစ် bash script & batch script တွေကို သုံးလို့ရပါတယ်။ သုံးလဲသုံးသင့်ပါတယ်။ Attack ပိုင်းပဲဖြစ်ဖြစ် Defense ပိုင်းပဲဖြစ်ဖြစ် CTF တို့  Wargame တို့ မှာ automatic tools/script တွေသုံးတာ ပိုကောင်းပါတယ်။ အချိန်ကုန်သက်သာစေပါတယ်။ tools ထဲမှာမှ ကိုယ့်ဘာကိုယ် ရေးထားတဲ့ custom script လေးတွေက အကောင်းဆုံးပါပဲ။ ဘာလို့လဲ ဆိုတော့ ပြိုင်ပွဲတွေက အချိန်အကန့် အသတ်နဲ့ မို့ လို့ပါ။ Linux ဆိုရင် linux မှာပါပီးသား basic command လေးတွေနဲ့  ကောင်းကောင်းလုပ်လို့ ရပါတယ်။ အဲကောင်လေးတွေကို ကိုယ်စစ်ချင်တဲ့ ပုံစံအတိုင်း bash script လေးရေးပီး သိမ်းထားတာ အကောင်းဆုံးပဲ။ လွယ်လဲလွယ်ပြီး အချိန်ကုန်သက်သာစေပါတယ်။ အဲလို script လေးတွေရေးပီး စုထားဖို့က team ထဲက coder ရဲ့ တာဝန်ဖြစ်ပါတယ်။

(SANS ရဲ့  Blue Team instructor ရေးထားတဲ့ guide တစ်ခုကို အလျဉ်းသင့်သလို ဘာသာပြန်သည်)

Myanmar Security Forum  MoE TAiN
0
ကွန်မန့်ပေးမယ်
f
Facebook မှာ Share မယ်
t
Tweet
g+
Share
?
Mr.S3@rc8
2:14 AM

Botnet တစ်ခု localhost မှာတည်ဆောက်ခြင်း

ကျွန်တော် ဒီ post ကိုရေးသားရတဲ့ရည်ချက်ချက်ကတော့ မြန်မာလူငယ်ဟက်ကင်းကိုစိတ်ဝင်စားသောသူများ bot ဆိုတာဘာလဲဆိုတာသိရှိရန်ဖြစ်ပြီး
bot ရဲ့အလုပ်လုပ်ပုံကိုနားလည်စေလိုသောရည်ရွယ်ချက်ဖြင့်ရေးသားခြင်းဖြစ်သည်


bot ကိုကာကွယ်ဖို့ဆိုတာ bot တွေဘယ်လိုအလုပ်လုပ်တယ်ဆိုတာသိမှဖြစ်မှာပါ
ကျွန်တော် ကာကွယ်နည်းတွေကိုတော့မြန်မာလိုရေးထားတာတွေ့ဖူးပါတယ် ဒါပေမယ့် bot တွေကာကွယ်ဖို့ဆိုတာ သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာသိမှအဆင်ပြေမှာပေါ့

ဒီ Tutorial ကို Education Purpose လို့အရင်ဆုံး ပြောချင်ပါတယ်
ဒါကြောင့်လည်း illegal မဖြစ်အောင်လို့ localhost မှာအသုံးပြုထားပါတယ် biggrin
server ပေါ်မှာ run ရင်လည်း 100% အလုပ်လုပ်ပါတယ်

စလိုက်ရအောင် yeyeyeye
ပထမဆုံးကျွန်တော်ပေးထားတဲ့ link ကနေ vertexnet bot file ကို ဒေါင်းလုပ်ဆွဲလိုက်ပါ
အောက်ကပုံအတိုင်းရလာမှာပေါ့

[Image: 1.png]

ပြီးတော့ rar ဖိုင်ကိုဖြေလိုက်တော့ file တွေကိုတွေ့မှာပေါ့ ခဏထားလိုက်ပါ
အရင်ဆုံး ကျွန်တော်တို့က localhost မှာစမ်းပြထားတော့ xampp ကိုအရင် run လိုက်ပါ ပြီးတော့ localhost ဆိုတာကိုခေါ်လိုက်ပါyeyeyeye

သူမှာပါတဲ့ file တွေအားလုံးကို copy ကူးပြီး xampp ရဲ့ htdocs အောက်မှာ folder အသစ်တစ်ခုဆောက် ပြီး paste လုပ်ပါမယ်

folder name ကိုတော့ mmbot လို့နာမည်ပေးလိုက်ပါvictorievictorie အောက်မှာကြည့်ပါ

[Image: 2.png]

1 ကတော့ ကျွန်တော်ဆောက်လိုက်တဲ့ mmbot ဆိုတဲ့ folder name ပါ
2 ကတော့ mmbot ထဲမှာကျွန်တော်ကူးထဲ့လိုက်တဲ့ file တွေအားလုံးပါ

ဟုတ်ပြီ ဒါဆို firefox လေးဖွင့်ပြီး run ကြည့်ရအောင်
address bar မှာ localhost/mmbot ဆိုပြီးရိုက်လိုက်တော့အောက်ကပုံအတိုင်းဖြစ်သွားမှာပါ

[Image: 3.png]

နောက်တော့ ကျွန်တော်တို့က Web Panel ထဲကိုဝင်လိုက်ပါ huh
address bar မှာ localhost/mmbot/web panel လို့ရိုက်လိုက်ပါ
အောက်ကပုံမျိုး connection error ဆိုပြီးဖြစ်နေမှာပါ

[Image: 4.png]

အပေါ်က connection error ပြနေတဲ့အတွက် ကျွန်တော်တို့က database ချိတ်ပေးဖို့လိုပါတယ်

database ချိတ်နည်းကိုလည်းကျွန်တော်ရေးထားပြီးပြီးနော်
ဒါကြောင့် database ချိတ်ဖို့ သူထဲ့မှာပါတဲ့ sql ဖိုင် နဲ့ config ဖိုင်ကိုနည်းနည်းပြင်ပေးလိုက်ရအောင် biggrin
အခုဆိုရင် ကျွန်တော်တို့က စောစောက ပြောတဲ့ web panel ဖိုင်ထဲကိုသွားကြည့်ရအောင်
sql အတွက် web panel file ထဲမှာ SQL ဆိုတဲ့ဖိုင်ရှိပါတယ် သူထဲကို ထပ်ပြီး ၀င်ကြည့်ရင်တော့ vertexnet.sql ဆိုတဲ့ sql file ကိုတွေ့မှာပါ

အောက်ကပုံလေးကိုကြည့်ပါ

[Image: 5.png]

ဒါကိုကျွန်တော်တို့က localhost ရဲ့ phpAdmin ထဲမှာ sql Databse တစ်ခုဆောက်ပြီးထည့်ပေးရမှာပါ

အောက်ကပုံကိုကြည့်ပါ victorievictorie

[Image: 6.png]

1 =>mmbot ဆိုပြီး database name တစ်ခုရိုက်ပြီး
2 =>Create ကိုနှိပ်ပါ

အဲလိုလုပ်ပြီးသွားပြီဆိုရင်တော့အောက်ကပုံအတိုင်းဖြစ်သွားလိမ့်မယ် pirate

[Image: 7.png]

1 => ကတော့ ကျွန်တော်တို့ဆောက်လိုက်တဲ့ database name ပါ
2 =>ကတော့ စောစောတုန်းကပြောခဲ့တဲ့ vertexnet.sql ကို import လုပ်ဖို့အတွက် အဲဒီ import ကိုနှိပ်လိုက်ပါအောက်ကပုံကိုကြည့်ပါ

[Image: 8.png]

1 => ကတော့ browse ကိုနှိပ်ပြီးစောစောက vertexnet.sql ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ
2 => ကတော့ Go ကိုနှိပ်လိုက်ပါ အောက်ကပုံလေးကိုဖြစ်သွားပါတယ်

[Image: 9.png]

ဟုတ်ပါပြီ ပထမအဆင့် database ဆောက်တဲ့လုပ်ငန်းပြီးသွားပါပြီ ဒါပေမယ့် ကျွန်တော်တို့က servername တွေ username and password
ကိုပြန်ပြီး configure လုပ်ရဦးမှာပါ

ဒီတော့ စောစောတုန်းက copy ကူးထားတဲ့ file ထဲ့က Web Panel/inc/ထဲက connection.inc ကို text editor နဲ့ဖွင့်လိုက်ပါပြီးတော့

firefox မှာ ကျွန်တော်တို့က database connection error ဆိုပြီးဖြစ်နေပါသေးတယ် ဒါကြောင့်
database name ကို mmbot ဆိုပြီးပြောင်းလိုက်ပါ အောက်ကပုံကိုကြည့်ပါ

[Image: 10.png]

[Image: 11.png]

အခုဆိုရင်တော့ Ok သွားပါပြီ yeyeyeye
ကျွန်တော်တို့ရဲ့ browser လေးကိုဖွင့်ပြီး http://localhost/mmbot/Web%20Panel/ ကို refresh ပြန်လုပ်ကြည့်ပါဦး

အောက်ပုံလိုဖြစ်သွားမှာပါ

[Image: 12.png]

username ကတော့ root ဖြစ်ပြီး
password ကတော့ toor ဖြစ်ပါတယ်
အောက်မှာက Login ၀င်ပြီးပုံစံပဲ့ဖြစ်ပါတယ်

[Image: 13.png]

ကျွန်တော်တို့မှာ bot တွေမရှိသေးပါဘူး ဒါကြောင့် ကျွန်တော်တို့ bot ကိုဖန်တီး သို့မဟုတ် bot မွေးဖို့လိုပါတယ်

ဒီတော့ ကျွန်တော်တို့ ရဲ့ file ထဲမှာပါတဲ့ bot builder သုံးပြီး exe bot ကိုဖန်တီးရအောင်ဗျာ အခြား php bot တွေလည်းသုံးနိုင်ပါတယ်

php bot အကြောင်းကိုကျွန်တော်လည်းသိပ်နားမလည်သေးတော့နောက်မှရှင်းပြပါမယ်
ပထမဆုံး ကျွန်တော်တို့ file ထဲမှာပါတဲ့ VNBuilder ဆိုတာရှိပါတယ်

အာက်မှာကြည့်ပါ ဒါကို run လိုက်ပါ
ဒီလိုမျိုးဖြစ်သွားပါလိမ့်မယ်

[Image: 14.png]

[Image: 15.png]

နောက်တော့ ကျွန်တော်တို့က လမ်းကြောင်းကိုနည်းနည်းပြောင်းပေးဖို့လိုပါတယ်

1 => ဆိုတဲ့နေရာမှာ Root website url ဆိုတာကို localhost ဆိုပြီးပြောင်းလိုက်ပါ port ကတော့ 80 ပဲ့ထားလိုက်ပါ

2 => ဆိုတဲ့နေရာမှာတော့ Website path နေရာကိုတော့ စောစောကသုံးသွားတဲ့ /mmbot/Web Panel/လိုပြောင်းလိုက်ပါ
ပြီးတော့ နောက်ဆုံးက build loader ကိုသွားပြီး ok ကိုနှိပ်လိုက်ပါ

အောက်ကပုံကိုကြည့်ပါ

[Image: 16.png]

1=> မှာက icon ရွေးတာပါ
2=> ကတော့ ကိုယ်ကြိုက်တဲ့ file extension ကိုရွေးပြီး build ကိုနှိပ်ပါ
3=> ကတော့ ပေးချင်တဲ့ နာမည်ပေးလိုက်ပြီး
4=> save ဆိုတဲ့ button ကိုနှိပ်လိုက်တဲ့ အခါ အောက်ကပုံလေးလို successful ဆိုပြီးဖြစ်သွားပါပြီ

firefox ကို refresh လုပ်ပြီး ပြန်ကြည့်ပါဦး သင်မှာ bot တစ်ကောင်ပိုင်သွားပါပြီ
အောက်ကပုံလေးကိုကြည့်ပါဦးဗျာ unsure

[Image: 18.png]

piratepiratepiratepiratepirate Myanmar Security Forum 133720 (Admin )
0
ကွန်မန့်ပေးမယ်
f
Facebook မှာ Share မယ်
t
Tweet
g+
Share
?
Mr.S3@rc8
2:11 AM

တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင်ရင်

တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင်ရင်
တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင်ရင်

ကျွန်တော်တို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုတဲ့အခါ ကိုယ့်ဘေးနားမှာ အာကျယ်အာကျယ်နဲ့ Facebook ကို ၇အိမ်ကြား ၈အိမ်ကြား ပြောနေသူတွေရဲ့ Gtalk နားညီးတယ် အမြင်ကတ်တယ် စိတ်ဒုက္ခရောက်တယ်
ဆိုရင် ဒီလိုလေးစမ်းပိတ်ကြည့်မယ်ဗျာ

၁။ ပထမဆုံး Command Prompt (cmd) ထဲ ၀င်လိုက်ပါ။ Start >> Run >> cmd ရိုက်ပြီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာ name ကို ရှာလိုက်ပါမယ် နက်ဆိုင်တော်တော်များများကတော့
စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ်။ ကျွန်တော် ဆိုင်လည်းတူတူထားပါတယ် ။ net view ကိုရိုက်ထည့်လိုက်ပါ။ လှမ်းထိန်းလို့ရတဲ့ ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ်

ဥပမာ ( computername) eg- akari2 ပေါ့ နံပါတ် 2 စက်လို့ ယူဆလိုက်ပါမယ် သူ့ကွန်ပျူတာမှာ run နေတဲ့ Program list ကိုကြည့်နိုင်ဖို့ tasklist/s computername လို့ရိုက်ထည့်ပါ computername မှာလုပ်
ချင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ် လှမ်းပိတ်ဖို့အတွက် taskkill/s computername /im programname ကိုရိုက်ထည့်ပါ
computername နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ programname နေရာမှာတော့ ကိုယ်ပိတ်ခြင်တဲ့ program name ကိုရိုက်ထည့်ပါ ဥပမာ googletalk.exe ပေါ့ဗျာ အလွယ်တစ်ခုအနေနဲ့
အောက်က ဥပမာကိုကြည့်ပါ

1 . cmd

2 . net view

3. tasklist/s akari2

4. taskkill/s computer akari2/im googel.exe


အလွယ်ဆုံး ပိတ်နည်းပါ…

အဆင်ပြေပါစေဗျာ …. hehepirate


blackhatMyanmar Security Forum -Mr.S3@rc8
0
ကွန်မန့်ပေးမယ်
f
Facebook မှာ Share မယ်
t
Tweet
g+
Share
?
Mr.S3@rc8
2:08 AM

အခြေခံကနေ hacker ဖြစ်ဖို့ ဘယ်လိုသွားကြမလဲ

 အခြေခံကနေ hacker ဖြစ်ဖို့ ဘယ်လိုသွားကြမလဲ
မင်္ဂလာပါ ကွန်ပျူတာကို လက်နှိပ်စက်နဲ့ tv တွဲထားတာလို့ပဲ သိတဲ့ ကျနော်လိုလူမျိုးနဲ့ ဝါသနာတူ newbie များအတွက် ဒီပိုစ် ကိုရေးပါတယ်ဗျား။ ဆရာများ အမှားရှိရင် ထောက်ပြပါ။ ကဲ အခြေခံကနေ hacker ဘဝရောက်အောင် ဘယ်လိုလေ့လာကြမလဲဗျာ။
၁။ပထမဦးဆုံးအနေနဲ့ computing ကိုလေ့လာရပါမယ်။
computing မှာမှ operating system ရဲ့ အလုပ်လုပ်ပုံတွေ အသုံးဝင်ပုံတွေ အသုံးပြုပုံတွေ လေ့လာရပါမယ်။ သိပ်မခက်ဘူး ဟုတ်။ ထိုင်ကလိ ကြည့်ပါ။ သဘောပေါက်သွားမှာပါ။
system software အကြောင်း နားလည်ထားရပါမယ်။ အဲ cmd သုံးတတ်ရပါမယ်။ သိတယ်မလား hacker films ထဲကလို မျိုး စာတန်းလေးတေလေ။ biggrinbiggrinဘာos ပဲသုံးသုံး cmd.သုံးပြီး software run တာလောက်တော့ သိထားသင့်ပါတယ်။

၂။ ဒုတိယအနေနဲ့ networking ကို ဆက်လေ့လာကြပါမယ်။
အစ အခြေခံအနေနဲ့ ကွန်ပျူတာ နှစ်လုံးကို့ UTP Cabel နဲ့ ချိတ်တာက်ု အရင်လေ့လာရပါမယ်။
အဲ ပြီးတော့မှ switches တို့ hub တို့ ကိုဆက်လေ့လာကြမယ်ဗျ။ အဲ ပြီးမှ ကွန်ပျူတာ အလုံး ငါးဆယ်လောက်ကို ဘယ်လို ချိတ်ကြမလဲ ဆိုတာဆက် လေ့လာကြပါမယ်ဗျား။

၃။ ကဲ အခြေခံတွေ ပြီးသွားပြီ။ သိသင့်သလောက် သိသွားပြီဆိုတော့ ဆက်လေ့လာတဲ့အခါ ထားရမယ့် စိတ်ကို ပြောပြပါမယ်။ အဲ life skills ပေါ့နော်။
error တွေကို မကြောက်ပါနဲ့။ အဓိက က စိတ်ရှည်ပါ။ Msf မှာ ရှိတဲ့ ဆရာတေ အားလုံးက ကူညီလိုစိတ်ပြည့်ကြပါတယ်။ ပြောပြကြပါတယ်။ မေးပါ။ မြန်းပါ။
သူများနဲ့ မတူအောင် တွေးပေးပါ။ အာ့ကလည်း အလေ့အကျင့်လုပ်ရင် ရတယ်ဗျ။ မတူအောင် တွေးဖို့က စာများများဖတ် ပြီး သိထားတွေလည်း များမှဗျ။

၎။ ကဲ စိတ်ကို ပြင်ဆင်ပြီးကြပြီဟေ့ ဆိုရင် ဖြင့် bro တို့ကြားလာမဲ့ အရာတွေရှိတယ်။ tools သုံးပြီး ဘာကို ဘယ်လိုလုပ်လိုက်တ
် တို့ဘာတို့လေ။ အဲ tools တွေကို စမ်းပြီး run ကြည့်ပါ။ စမ်းရင်းစမ်းရင်းနဲ့ ဘယ်လိုအလုပ်လုပ်သလဲ ဘာအတွက် အဓိကလဲ ဆိုတာလေးတွေကိုတော့ သိအောင် လုပ်သင့်ပါတယ်။

၅။ ကဲ အခု ဆက်မှာက networking အကြောင်းပို ပိုပြီးအသေးစိတ် သွားကြပါမယ်။
အရင်ဆုံး အမျိုးမျိုးသော protocols.တွေအကြောင်း လေ့လာရပါမယ်။ ပြီးတော့ ဘယ် ဟာကို ဘယ်အတွက် သုံးတယ်ဆိုတာ သိရပါမယ်။ protocols ကို လေ့လာရင်း ip addresses , network blocks စသဖြင့်တို့က်ု သိလာပါလိမ့်မယ်။
အဲ ဒီက network section မှာလဲ တူးဖော်စရာ ရွှေတွေ အများကြီးပဲဗျ။ TCP/IP အကြောင်း ပိုပြီးအသေးစိတ် လေ့လာသင့်ပါတယ်။


၆၊။ Programming ကို မဖြစ်မနေ လေ့လာရပါမယ်။ တော်တော်များများ စလေ့လာကြတာ python ပါ။ ကျနော်လည်း ခုမှ မြွေနဲ့  ကစားနေတုန်း။ biggrin
high level language 2 ခုလောက် တတ်ထားသင့်ပါတယ်။
machine language ပါ ဆက်လေ့လာရင်တော့ very good ပေါ့ဗျာ။ စိတ်မပူပါနဲ့။ msf မှာ အာ့တေ အကုန် ရှိထားပြီးသားပါ။

၇။ ပြီးရင်တော့ ကျနော်တို့ လုံလောက်တဲ့ skills ရလောက်ပြီ ဆိုတဲ့ အတွက် hacking tactis n methodologies ကို ဆက်ပါမယ်။
ဘယ်လို ဘယ်ပုံဟတွေကို အသုံး

၈။ ဥပဒေကို လေးစားရပါမယ်။
ကိုယ်က hacking လုပ်နေခြင်းဟာ အခြားသူကို အကြောင်းမဲ့ ထိခိုက်တာမျိုး မဖြစ်သင့်ပါဘူး။ သေချာ အရေးယူမဲ့ဥပဒေတွေဝပေါ်ပေါက်လာတော့မှာပါ။
hacking ပညာကို မှန်ကန်စွာ အသုံးချသင့်ပါတယ်။
ချပြီး infomation တွေကို စုဆောင်းရမယ်။ ယိုပေါက်တွေကို ဘယ်လိုရှာရမလဲ။ အများကြီးပါ။ တကယ်အများကြီးပါ။ နေ့တိုင်း နည်းအသစ်တွေ ပေါ်ပေါက်နေတာပါပဲ။


Myanmar Security Forum - garyz
0
ကွန်မန့်ပေးမယ်
f
Facebook မှာ Share မယ်
t
Tweet
g+
Share
?
Mr.S3@rc8
2:07 AM

Monday, April 11, 2016

PayPal Account


အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ PayPal အကောက်လျှောက်တဲ့ အခါမှာ နိုင်ငံရွေးတဲ့ဆီမှာ မြန်မာနိုင်ငံမပါလို့ပါဘဲ။ အဲ့ဒါကြောင့် မို့လို့ မြန်မာနိုင်ငံက လူတွေ လျှောက်လို့ လွယ်အောင် တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

အရင်ဦးဆုံး https://www.paypal.com/ ထဲ ၀င်ပြီးတော့ Sign Up ကလစ်လိုက်ပါ။



နိုင်ငံရွေးတဲ့ နေရာမှာ ထိုင်းနိုင်ငံကို ရွေးလိုက်ပါ ခင်ဗျာ။ တကယ်လို့ မိတ်ဆွေတို့က မလေးတို့ ၊ စ လုံး တို့ ကိုးရီးယား တို့မှာ နေတယ် ဆိုရင်တော့ ကိုယ်နေတဲ့အတိုင်း ထည့်ပြီး လျှောက်နိုင်ပါတယ်။



Personal ကိုရွှေးပြီးကလစ်ပါ ။ Email address ထည့်တာတို့ First Name Last Name ထည့်တာတို့ကတော့ သိမှာပေါ့ ။Password မှာတော့ စာလုံးအကြီးတစ်လုံးပါပါစေ။



ဒီအပိုင်းမှာ ဖြည့်ရမှာက အရေးကြီးပါတယ်။ အမှန်အတိုင်း ဖြည့်ရမှာပါ။ Address မှာ ကြိုက်တာ ထည့်ပါ။ City/District မှာတော့ Phuket ရေးပါ။ Province မှာလဲ Phuket ကိုဘဲရွေးပေးပါ။ Postcode မှာတော့ 83000 လို့ ဖြည့်ပါ။ Phone number မှာကတော့ 08 နဲ့ စပြီးတော့ ဂဏန်းဆယ်လုံး ပြည့်အောင် ထည့်ပါ အမှန်အတိုင်း ရေးရင်တော့ ကောင်းပါတယ်။ 0874627593 ဒါကတော့ ကျွန်တော့် Phone No ပါ။ မိတ်ဆွေတို့ သုံးချင်တယ် ဆိုရင် သုံးနိုင်ပါတယ်။ သတိပေးချင်ပါတယ် မိန်းကလေးများ ဖုန်းမဆက်လာပါနဲ့ :) ဟီး ..ဟီး ..စ တာပါ။



ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကို နှိပ်လိုက်ပါ



အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ။ ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ ။ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ။ paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်။ ကော်ပီလုပ်ပီးထည့်လိုက်ပါ အဆင်ပြေပါပြီ။ Security questions ဖြည့်တဲ့အခါမှာ သတိထားပါ။ သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် Pass မေ့တဲ့အခါ Security questions မသိရင် ၀င်မရပါဘူး။



ဒါဆိုရင်တော့ အကောက် လျှောက်ခြင်း ပြီးဆုံး သွားပါပြီ ။ မှတ်ချက်=> Paypal Account ရပြီဆိုတာနဲ့ Activate ဖြစ်ဖို့ VisaCard လိုပါတယ်..အဲဒီ ကဒ်အတွက် www.shwemoney.com မှာစုံစမ်းဝယ်ယူနိုင်ပါတယ်..ဈေးနှုန်းကတော့ တစ်နှစ်စာခြောက်သောင်း သက်တမ်းတိုရင် တစ်သောင်းခွဲပါခင်ဗျာ။ Activate မဖြစ်လဲဘဲ အင်တာနက်မှ ရှာထားတဲ့ ပိုက်ဆံတွေကို ငွေလွဲ ငွေပို့ လုပ်လို့ရပါတယ်။

PyaePhyo(နည်းပညာမှတ်တမ်း) မှ မှီငြမ်းရေးသားပါသည်။
0
ကွန်မန့်ပေးမယ်
f
Facebook မှာ Share မယ်
t
Tweet
g+
Share
?
Mr.S3@rc8
1:20 AM
Newer Posts Home
Subscribe to: Comments (Atom)
Find Us :

Entri Populer

  • အခြေခံကနေ hacker ဖြစ်ဖို့ ဘယ်လိုသွားကြမလဲ
     အခြေခံကနေ hacker ဖြစ်ဖို့ ဘယ်လိုသွားကြမလဲ မင်္ဂလာပါ ကွန်ပျူတာကို လက်နှိပ်စက်နဲ့ tv တွဲထားတာလို့ပဲ သိတဲ့ ကျနော်လိုလူမျိုးနဲ့ ဝါသနာတူ ...
  • တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင်ရင်
    တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင်ရင် ကျွန်တော်တို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုတဲ့အခါ ကိုယ့်ဘေးနားမှာ အာကျယ်အာကျယ်နဲ့ F...
  • PayPal Account
    အခု တစ်ခေါက် ကျွန်တော် တင်ပြမှာကတော့ PayPal အကောက် လျှောက်နည်းဘဲ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ နေထိုင်သူများ အတွက်ပါ။ ဘာဖြစ်လို...
  • Botnet တစ်ခု localhost မှာတည်ဆောက်ခြင်း
    ကျွန်တော် ဒီ post ကိုရေးသားရတဲ့ရည်ချက်ချက်ကတော့ မြန်မာလူငယ်ဟက်ကင်းကိုစိတ်ဝင်စားသောသူများ bot ဆိုတာဘာလဲဆိုတာသိရှိရန်ဖြစ်ပြီး bot ရဲ့အလုပ...
  • CTF challenge
    War game တွေမှာ Blue Team နဲ့  Read Team ဆိုပြီး ခွဲထားတယ်။ Red Team ဆိုတာက attacker တွေဖြစ်ပြီး Blue Team က defense လုပ်ပါတယ်။ တခါတလေမှာတေ...
Powered by Blogger.

Template Updates

Label

  • Botnet
  • Computing
  • Hacking
  • Knowledge
  • Paypal

Myanmar Hacking Sites

Blink Hackers Group=> Click To Go

BL4CK H4T ARE4=> Click To Go

Myanmar Hacker Warriors=> Click To Go

Myanmar Noob Hackers=> Click To Go

Myanmar Security Forum=> Click To Go

M0N$T#R=> Click To Go

Arsip Blog

  • ▼  2016 (5)
    • ▼  April (5)
      • CTF challenge
      • Botnet တစ်ခု localhost မှာတည်ဆောက်ခြင်း
      • တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင...
      • အခြေခံကနေ hacker ဖြစ်ဖို့ ဘယ်လိုသွားကြမလဲ
      • PayPal Account
Copyright 2014 - 2015 Nyaungoo Thar Tech - All Rights Reserved
Design by ThanToeAung - Published by ​ညောင်ဦးသားနည်းပညာ