War game တွေမှာ Blue Team နဲ့  Read Team ဆိုပြီး ခွဲထားတယ်။ Red Team
ဆိုတာက attacker တွေဖြစ်ပြီး Blue Team က defense လုပ်ပါတယ်။ တခါတလေမှာတော့
Red Team ကော Blue Team ကော CTF challenge တွေကို ကစားကြရပါတယ်
(Challenge Type ပေါ်မူတည်ပြီး အမျိုးမျိုးရှိပါတယ်)။
CTF မှာပါဝင်တာတွေကတော့ boot2root, Reverse Engineering, Cryptography,
Steganography, စသဖြင့်ပါဝင်ပါတယ်။ Defense Challenge မျိုးမှာတော့
Reverse Engineering (binary), Network Hardening, Honeypotting, Incident
Handling စတာတွေ ပါဝင်ပါတယ်။
Wargame တွေဟာ တကယ်ကို ပျော်ဖို့ ကောင်းပါတယ်။ Real-time Hacking အတွက်လဲ
အကောင်းဆုံး လေ့ကျင့်မှုလဲဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ကြုံတွေ့ ရတဲ့ ပြဿနာ၊
အခက်အခဲ၊ Pressure တွေဟာ real world အတွက် အများကြီး အကျိုးရှိပါတယ်။
အခုဆို နိုင်ငံကပါ Cyber Sea Game လိုပြိုင်ပွဲတွေ ကျင်းပလာပြီဖြစ်တဲ့
အတွက် နောက်နှစ်တွေ နောက်နှစ်တွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင်
များများလေ့ကျင့်ထားသင့်ပါတယ်။ အပျင်းပြေသဘောမျိုး ကိုယ့်ဘာသာကို Challenge
လုပ်ပြီး သူငယ်ချင်းတွေကို ဖြေရှင်းခိုင်းတာမျိုးတွေ လုပ်သင့်ပါတယ်။
ဘာတွေပြင်ဆင်ထားသင့်လဲ?
ပြိုင်ပွဲဝင်ဖို့ အတွက် အရင်ဆုံးကတော့ Team ဖွဲ့ တာပါပဲ။ Red Team ကော
Blue Team အတွက်ပါ Team Leader က အဓိကကျပါတယ်။ Team Leader တွေဟာ
ပြိုင်ပွဲမှာ အလုပ်အရှုပ်ဆုံး နဲ့  Pressure အများဆုံးဖြစ်ကြတယ်။ သူက
ဘာတွေလုပ်ရလဲ ဆိုတော့ Network တခုလုံးကို အသေးစိတ်စစ်ဆေးရတယ်။ open port
တွေ check ရတယ်။ OS ဟာ ဘာ OS ဖြစ်တယ်။ System ကဘယ်လို System ဆိုရင် ဘယ်လို
vulnerability မျိုးရှိနိုင်တယ် .. စသဖြင့် သုံးသပ်ရပါတယ်။ ပြိးတော့မှ
ကိုယ့် Team ထဲက လူတွေကို တစ်ခုချင်းစီ ဘာပြီးရင် ဘာလုပ် စသည်ဖြင့်
စစ်ဆေးခိုင်း စပ်သပ်ခိုင်း ရပါတယ်။
Blue Team မှာဆိုရင်တော့ .. open port တွေကို စစ်ဆေး၊ service တွေကို
update လုပ်ဖို့  patch လုပ်ဖို့  non-scorebot-required ports တွေကို
block လုပ်ဖို့  IP Sec/Firewall/IP table တွေကို စစ်ဆေးဖို့  တို့ ကို
Team Leader က ညွှန်ကြားရပါတယ်။ ဒါ့အပြင် system password တွေဟာ weak
ဖြစ်နေလား encryption ကောင်းကောင်းသုံးထားလား။ bruteforce, dictionary နဲ့ 
မရအောင်ဘယ်လိုလုပ်မလဲ။ ကိုယ့် system ဆီကို လာနေတဲ့ Request တွေမှာ
မသင်္ကာစရာ ဘာရှိလဲ။ ကိုယ့် System ဟာ compromise လုပ်ခံရလား။ hidden process
တွေ ရှိနေလား။ log ဖိုင်တွေကို စစ်ဆေးဖို့  စသည်တို့ ကို ပြုလုပ်ရပါတယ်။
Linux ပဲဖြစ်ဖြစ် Window ပဲဖြစ်ဖြစ် bash script & batch script တွေကို
သုံးလို့ရပါတယ်။ သုံးလဲသုံးသင့်ပါတယ်။ Attack ပိုင်းပဲဖြစ်ဖြစ် Defense
ပိုင်းပဲဖြစ်ဖြစ် CTF တို့  Wargame တို့ မှာ automatic tools/script
တွေသုံးတာ ပိုကောင်းပါတယ်။ အချိန်ကုန်သက်သာစေပါတယ်။ tools ထဲမှာမှ
ကိုယ့်ဘာကိုယ် ရေးထားတဲ့ custom script လေးတွေက အကောင်းဆုံးပါပဲ။ ဘာလို့လဲ
ဆိုတော့ ပြိုင်ပွဲတွေက အချိန်အကန့် အသတ်နဲ့ မို့ လို့ပါ။ Linux ဆိုရင်
linux မှာပါပီးသား basic command လေးတွေနဲ့  ကောင်းကောင်းလုပ်လို့ ရပါတယ်။
အဲကောင်လေးတွေကို ကိုယ်စစ်ချင်တဲ့ ပုံစံအတိုင်း bash script လေးရေးပီး
သိမ်းထားတာ အကောင်းဆုံးပဲ။ လွယ်လဲလွယ်ပြီး အချိန်ကုန်သက်သာစေပါတယ်။ အဲလို
script လေးတွေရေးပီး စုထားဖို့က team ထဲက coder ရဲ့ တာဝန်ဖြစ်ပါတယ်။
(SANS ရဲ့  Blue Team instructor ရေးထားတဲ့ guide တစ်ခုကို အလျဉ်းသင့်သလို ဘာသာပြန်သည်)
Myanmar Security Forum MoE TAiN