တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ချင်ရင်
ကျွန်တော်တို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုတဲ့အခါ ကိုယ့်ဘေးနားမှာ
အာကျယ်အာကျယ်နဲ့ Facebook ကို ၇အိမ်ကြား ၈အိမ်ကြား ပြောနေသူတွေရဲ့ Gtalk
နားညီးတယ် အမြင်ကတ်တယ် စိတ်ဒုက္ခရောက်တယ်
ဆိုရင် ဒီလိုလေးစမ်းပိတ်ကြည့်မယ်ဗျာ
၁။ ပထမဆုံး Command Prompt (cmd) ထဲ ၀င်လိုက်ပါ။ Start >> Run
>> cmd ရိုက်ပြီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာ name
ကို ရှာလိုက်ပါမယ် နက်ဆိုင်တော်တော်များများကတော့
စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ်။ ကျွန်တော်
ဆိုင်လည်းတူတူထားပါတယ် ။ net view ကိုရိုက်ထည့်လိုက်ပါ။ လှမ်းထိန်းလို့ရတဲ့
ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ်
ဥပမာ ( computername) eg- akari2 ပေါ့ နံပါတ် 2 စက်လို့ ယူဆလိုက်ပါမယ်
သူ့ကွန်ပျူတာမှာ run နေတဲ့ Program list ကိုကြည့်နိုင်ဖို့ tasklist/s
computername လို့ရိုက်ထည့်ပါ computername မှာလုပ်
ချင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ
အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ် လှမ်းပိတ်ဖို့အတွက်
taskkill/s computername /im programname ကိုရိုက်ထည့်ပါ
computername နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ
programname နေရာမှာတော့ ကိုယ်ပိတ်ခြင်တဲ့ program name ကိုရိုက်ထည့်ပါ
ဥပမာ googletalk.exe ပေါ့ဗျာ အလွယ်တစ်ခုအနေနဲ့
အောက်က ဥပမာကိုကြည့်ပါ
1 . cmd
2 . net view
3. tasklist/s akari2
4. taskkill/s computer akari2/im googel.exe
အလွယ်ဆုံး ပိတ်နည်းပါ…
အဆင်ပြေပါစေဗျာ ….

Myanmar Security Forum -Mr.S3@rc8